အစ်ကို
ညီငယ် ညီမငယ်တွေ
စိတ်အားမငယ် ပညာရှာနိုင်ဖို့
ကျောင်းထွက်ပြီး အလုပ်လုပ်
မဆုတ်မတွံ့ အနစ်နာခံ
ကြံ့ကြံ့ခံ လောကဓံတရားကို
ဘာဆိုလာမှမကြောက်
ရသလောက် ပိုက်ဆံရှာ
အစ်ကိုကြီးတော့ အဖရာ ယူလေပြီ.....
အခုတော့ တစ်ယောက်ပြီး တစ်ယောက်
လူလားမြောက် ဘွဲ့တွေကိုယ်စီရခဲ့ပြီပေါ့
ပီတိတွေ တဝေေ၀နဲ့ ကြည်နူးဝမ်းသာ
မေတ္တာပွား အပြုံးတွေဆင်
ကြိုးစားကာ ပခုံးထမ်းခဲ့သမျှ
အရာထင်လာရပြိပေါ့.....
ပျော်မြူးကာ စိတ်ချပေတော့
ပြန်ပြီးတော့ ကျေးဇူးဆပ်လို့
ခွင့်ပြုဖို့ တောင်းဆိုပါရစေ
ညီညီမတွေ ချစ်ခြင်းများစွာနှင့်
ရှေ့ဆောင်က ရွက်လွှင့်ခဲ့တဲ့
မေတ္တာဘွဲ့ရ ပါရဂူရှင်
ချစ်ခင်ရပါသော ညီတို့အစ်ကို...
ကိုသူ
Monday, February 11, 2008
အစ်ကို
Posted by
wkthu
at
12:15 PM
Subscribe to:
Post Comments (Atom)
No comments:
Post a Comment