Friday, July 18, 2008

ကျွန်တော်ရဲ့ နတ်သမီး



မေတ္တာတရားတွေမွေးဖွားရှင်သန်

သစ္စာတရားတွေ ချည်နှောင်လို့မြဲမြံ

သံယောဇဉ်ကြိုးတွေ ရစ်ပတ်အထပ်ထပ်

ချစ်ခြင်းတွေကို လှုပ်နှိုးပေါက်ဖွားဖန်းဆင်းခဲ့တယ်.....

တမ်းတမှုတွေ ဒီရေလိုတရိပ်ရိပ်တိုး

လွမ်းဆွတ်မှုတွေ လှိုင်းလို့မြင့်တရွေ့ရွေ့တက်

သတိရမှုမိုးတွေ အသည်းအသန်ရွာသွန်း

မျှော်လင့်မှု တိမ်တိုက်တွေ ရွေ့လျားအောင် စေခိုင်းပြန်တယ်...

အင်း.....ကိုယ့်ရေးစပ်တဲ့ကဗျာ...

ကိုယ်သီဆိုခဲ့ တေးသွားများ...

ကိုယ်ရေးချယ်တဲ့ ပန်းချီကားတွေရယ်..

ကိုယ်ထုဆစ်တဲ့ ပန်းပုရုပ်တွေအား...

အများအပြားတရစပ် ထွက်ပေါ်လာအောင်..

ဘာမန္တာန်တွေရွတ်

ဘာဂါထာတွေမှုတ်လိုက်သလည်း

အသည်းနှလုံးကို ပိုင်စိုး

သိမ်းပိုက်ကာ လွှမ်းမိုးထားခဲ့

ကိုယ်ရဲ့ နတ်သမီး ကိုယ်ရဲ့သခင်

ပျော်ရွှင်စရာနေ့ရက်လေးတွေရော ဘယ်တော့များမှာ ဖန်ဆင်းပေးမယ်လို့ စိတ်ကူးထားပါသလည်းကွယ်....

No comments: