Friday, October 24, 2008

MIT လွမ်းချင်း

တမာရနံ့ သင်းပျံ့ပျံ့
ရနံ့ဝေနေ တို့အမိမြေ...
တောင်ပတ်လည်ဝိုင်း မြူတွေဆိုင်း
ရစ်သိုင်းကာနေ သားတို့အမေ....
စက်မှုစွမ်းအား သားသမီးများ
မွေးဖွားခဲ့ပေ ချစ်သောအမေ.....
မိုးရွာပါက ရေတံခွန်အလှ
လှမ်းမြင်ရပေ ရှုခင်းဝေ.......
မန်းချယ်ရီခို သမီးပျို
တေးဆိုသံခြွေ မောပန်းဖြေ...
လွမ်းတေးသံချို သံပြိုင်ဆို
ရေလိုအေးရွေ့ လန်းစွင့်စေ....
ခြောက်နှစ်တာမျှ ခိုနားကြ
စည်းလုံးကြပေ မောင်နှမတွေ...
ပညာစုံလို့ တူပျံသန်း
အပြိုင်ထမ်းကျ တာဝန်ကျေ.....
ဆုံစည်းခဲ့ကြပေ
လှုပ်ရှားခဲ့ကြပေ
ဆည်းပူးခဲ့ကြပေ
စည်းလုံးခဲ့ကြပေ
တမြေတည်းနေ တရေတည်းသောက်
တမိတည်းပေါက် ရောက်ရာစခန်းမှာ
လျှောက်ကာဆက်လှမ်း မှန်းဆချစ်ဆဲ
အသည်းနှလုံးထဲက စက်မှုမြေ........

ကိုသူ(24.10.08)

No comments: