Tuesday, November 25, 2008

မနာခံတတ်သောနှလုံးသား

မင်းကို ချစ်ပါတယ်
ဒါပေမယ့်လည်းကွယ်
ထိရှလွယ်တဲ့နှလုံးသားကို ဒဏ်ရာထင်မှာစိုးတယ်...

မင်းကို လွမ်းချင်တယ်
ဒါပေမယ့်လည်းကွယ်
တမ်းတတတ်တဲ့နှလုံးသားကို မညှင်းဆဲချင်တော့ဘူး....

မင်းကို မေ့ချင်တယ်
ဒါပေမယ့်လည်းကွယ်
စွဲငြိတတ်တဲ့နှလုံးသားကို မလွန်ဆန်နိုင်ဘူး....

မင်းကို မုန်းချင်တယ်
ဒါပေမယ့်လည်းကွယ်
ချစ်တတ်လွန်းတဲ့ နှလုံးသားက ခွင့်မပြုပါဘူးတဲ့....

သြော်...နှလုံးသားရယ်
နုနယ်ရက်နဲ့ ဘာကြောင့်ခေါင်းမာရပါသလည်းကွယ်.....


ကိုသူ(၂၀.၁၁.၀၈)

No comments: