ဒီဇင်ဘာတောင်ရောက်ပြီကိုး
မဟောင်းမသိုး အသစ်အသစ်အဖြစ်များနဲ့အတူ
ဆောင်းရဲ့ မယိုးနိုင်သင်္ကေတနှင်းတွေ
ဖြိုးဖြိုးဝေကျ မြေခနေလေရဲ့
ဟုတ်ကဲ့ လွမ်းနေပါတယ်
ပျော်ရွှင်ဖွယ်ခရစ်စမတ်တောင် မပျော်
မမော်နိုင်သူ ဆွေးနေခဲ့
တွေးပူတဲ့အကြောင်း သူမသိ
မချိအောင် ခံစား
အော် သူမသိပါလား
ငါ့အလွမ်း
ငါ့အဆွေး
ငါ့အတွေး
ငါ့တမ်းတမှုတွေကို
အေးမြလေသောဆောင်း
နှင်းတွေခညောင်းတဲ့ ဒီဇင်ဘာ
ဆန်တာတောင် ကူလွမ်းနိုင်ပါ့မလား
ထင်မထားဘူးဆို ငါလွန်တယ်လို့
ဆိုဦးမယ် မြတ်နိုးသူက
ကဲလွန်းလှတယ်ထင်လည်း
အသည်းပေါက်မတတ် ရင်ကွဲအက်အောင်
ခရစ်စမတ်မှာမောင် လွမ်းပါရစေခင်.........
ကိုသူ
22.12.08
မှတ်ချက်။ ။ဒီကဗျာလေးက အမ်စီအိုမှာ ခေါင်းစဉ်ပေးကဗျာပြိုင်ပွဲ(၂)မှာ ၀င်ပြိုင်ထားပါတယ်
Tuesday, December 23, 2008
ဆန်တာ(Santa)လွမ်းတဲ့ခရစမတ်
Posted by
wkthu
at
11:10 AM
Subscribe to:
Post Comments (Atom)
No comments:
Post a Comment