ပျံသန်းနေတယ် လေထုထဲမှာ
လွတ်လပ်စွာဝဲ အတောင်ပံမပါ
ဟင်းလင်းပြင်ဗလာတစ်ခုတွေ့ရ
အဆုံးနဲ့အစမရှိ နတ္ထိအခန်း
လန်းဆန်း၍ပေါ့ပါး ဆော့ကစား
မောင်းနှင်မှုအင်အားတွေ အပြည့်လွှတ်
မွတ်သိပ်မှု မရှိ အာဟာရအာဟာရအတိ
ပကတိ သာဟာလှပအေးချမ်း
စမ်းရေပမာ တသွင်သွင်စီးနေ
လေပြည်လို သာယာစွာတိုက်ခတ်ပစ်
အိုအေစစ်လို တည်တည်ငြိမ်ငြိမ်
တိမ်တွေကြားမှာ ဖောက်ထွက်
မြင့်တက်လိုက်စမ်းပါ အာကာသထဲ
သဲသဲမဲမဲသာလေ
ရဲရင့်စွာ ကောင်းကင်ခြေလှမ်းကိုစ......
ကိုသူ(ကဗျာချစ်သူ)
Tuesday, February 17, 2009
အတောင်ပံမဲ့ ပျံသန်းခြင်း
Posted by
wkthu
at
2:00 PM
Subscribe to:
Post Comments (Atom)
No comments:
Post a Comment