Sunday, March 16, 2014

ဖေ့စ်ဘွတ်လူမိုက်…



Like နှိပ်မိလား မနှိပ်မိလား ငါမသိ…

Comment တက်လား မတက်လား ငါမသိ…

Share ကိုအကြိမ်ကြိမ်နှိပ်လည်း

Refresh အခါခါလုပ်လည်း

လည်နေဆဲဒီအ၀ိုင်း

မရပ်နိုင်ရှာပါလား.

အားမလျှော့တမ်း ဇွဲ

စွဲမြဲအရမ်းလုံ့လနဲ့

ဒုက္ခကိုထမ်း

ဖလန်းဖလန်းထ

ရွပိုးထိုး

အိုး….ဆိုးမှဆိုး

ရူးမှရူး

မိုက်မှမိုက်တဲ့

ကွန်နက်ရှင်ကို သူမမှုခဲ့

အမ်ပီတီကို အန်တုလျှက်

အိုဘယ့်…ငါဟဲ့ ဖေ့စ်ဘွတ်လူမိုက်…

စမ်းချောင်းလေး

နေ့လည် ၁၁း၂၇

၁၅.၃.၂၀၁၄

No comments: