Saturday, January 19, 2008

နင်သိပါစေ

နင်သိပါစေ

ငါ့အချစ်တွေက

ရယူမှုမပါဘူး

နင့်ကိုချစ်နေရတာကိုက ပြည့်စုံနေပြီ

နင်နဲ့ ချစ်ခဲ့ရတာ ဘ၀ရဲ့အမှတ်ရစရာပါဟာ...

နင်နဲ့ငါ ချစ်ခဲ့ကြတဲ့ ရက်လေးတွေကို ငါဆက်လွမ်းနေပါရစေနော်...

နင့်ကို နားလည်ပေးတာ

ငါရှုံးချင်လို့မဟုတ်ဘူး

နင့်ကိုစိတ်ချမ်းသာစေချင်တာ

သူ့ကိုလည်း စိတ်မဆင်းရဲစေဖို့ပါ ကိုယ့်လိုမျိုး

ငါ ဘယ်လောက်ထိခံစားရလည်း နင်သာအသိဆုံးဖြစ်မှာပါ...

အများက ပြောနေပြီ...

မဆုံမယ့်အတူတူ မေ့လိုက်ပါ..

အဆက်အသွယ်ဖြတ်ပါ..တဲ့

တို့နှစ်ယောက်ကြားက ခိုင်မြဲတဲ့ သံယောဇဉ်ကို ဘာနဲ့ပြတ်နိုင်မှာလည်းကွယ်....

ကိုရယ်...

ငါလေ နင့်ကို မပိုင်ဆိုင်ရလည်း ရင်ထဲမှာဆက်ထားပါရစေ...

အချစ်များကို ဆက်ရှင်နေပါရစေ...အသည်းမှာထာဝရပေါ့ဟာ...

အော်...တကယ်တော့....

အချစ်ဆိုတာ အချစ်ပါဟာ...

ပိုင်ဆိုင်စရာမလိုပါ...

သိမ်းပိုက်စရာမလိုပါ...

အချစ်သာပိုင်နိုင်ရင်ပြည့်စုံနေတာ

နင့်အပေါ်ထားတဲ့ ငါ့အချစ်တွေပါ

အကြွင်းမဲ့ ယုံလိုက်ပါ....

စွန့်လွှတ်မှုနဲ့ ဆက်ချစ်ခွင့်လေးနဲ့

ကျေနပ်နေလိုက်တော့ မယ့် နင့်ရဲ့ ချစ်သူပါ

ရင်နဲ့ရင်းပြီး ချစ်ရသူ လေးရာ...

ကိုသူ

Friday, January 18, 2008

အချစ်ငတ်နှလုံးသား

နှလုံးသားရယ်
ဘာကြောင့်မွန်းကျပ်နေတာလည်း
မျက်လုံးများရယ်
ဘာကြောင့်မမှေးစက်နိုင်လည်းကွယ်
အတွေးများရယ်
ဘာကြောင့်မရပ်တန့်နိုင်ရပြန်ပြီလည်း
သတိရမှုများရယ်
ဘာကြောင့် ရင်ထဲဖွတ်ဝင်လာရတာလည်း
တမ်းတမှုများရယ်
ဘာကြောင့် စိတ်ထဲစိုးမိုးနေလည်းကွယ်...
လွမ်းဆွတ်မှုများရယ်
ဘာကြောင့်အသည်းထဲပြည့်နှက်နေလည်း
မွန်းကျပ်နေသော နှလုံးသား
မမှေးစက်နိုင်သော မျက်လုံးများ
မရပ်တန့်နိုင်သော အတွေးများ
အားလုံးဟာ မင်းကြောင့်ပါပဲ သိနေရင်တော့
သတိရတမ်းတလွမ်းဆွတ်နေတတ်သော
နူးညံ့တဲ့ နှလုံးသားရင်ခွင့်တစ်စုံကို
ရက်စက်စွာပစ်ထားနိုင်ဦးမလားလေ..
အငြိုးကြီးစွာ ညှင်းဆဲနိုင်ဦးမှာလားလေ...
အကြောင်းမဲ့သက်သက်စိမ်းကားနိုင်ဦးမှာလားလေ..
မတွေ့ရင် မနေနိုင်ခဲ့တာတွေ
မကြားရင်မနေနိုင်တဲ့ မင်းအသံလေး
မချစ်ရလို့နေမထိထိုင်မသာဖြစ်တဲ့ ကိုယ့်နှလုံးသား
အားလုံးဟာမင်းကြောင့်ပါပဲ...ကောင်မလေးရေ
ဖွင့်မပြောပေမယ့် ရှိနေတဲ့အချစ်တွေ
ဖော်မပြပေမယ့် တမ်းတသတိရမှုတွေ
မင်းမသိပေမယ့် ကြေကွဲလွမ်းဆွတ်မှုတွေ
လှည့်ကြည့်ရင်မြင်နိုင်ပါတယ် ကလေးရေ
မနေနိုင်လို့ ရေးမိတဲ့ ကဗျာတွေ
မဖြေနုင်လို့ ညည်းမိတဲ့ သီချင်းတွေ
မခံနိုင်လို့ ပေါက်ကွဲထွက်ခဲ့တဲ့ ခံစားမှုတွေ..
ကဗျာတွေဟာ ကာရံမဲ့ပြီ
သီချင်းတွေဟာ သံစဉ်မဲ့ပြီ
ခံစားမှုတွေဟာ ပျော်စရာဆိတ်သုံးပြီ
ထိရှလွယ်သော ဒီအသည်းနှလုံးကို
တစ်သက်လုံးပဲ မျက်ကွယ်ပြုပြီလား သခင်ရယ်......


ကိုသူ


Content 3 here.


Tuesday, January 15, 2008

အပြစ်များစွာနဲ့ နှလုံးသား

နေ့တိုင်းနေ့တိုင်း


မင်းနဲ့တွေ့ချင်တာ

အပြစ်လားကွာ...

နေ့တိုင်းနေ့တိုင်း

မင်းအသံကြားချင်တာ

အပြစ်လားကွာ...

နေ့တိုင်းနေ့တိုင်း

မင်းကို အားပေးချင်တာ

အပြစ်လားကွာ...

နေ့တိုင်းနေ့တိုင်း

မင်းကို ဂရုစိုက်မိတာ

အပြစ်လားကွာ...

နေ့တိုင်းနေ့တိုင်း

မင်းကိုသတိရမိတာ

အပြစ်လားကွာ...

နေ့တိုင်းနေ့တိုင်း

မင်းကိုတမ်းတမိတာ

အပြစ်လားကွာ...

နေ့တိုင်းနေ့တိုင်း

မင်းကို လွမ်းမိတာ

အပြစ်လားကွာ...

နေ့တိုင်းနေ့တိုင်း

မင်းကိုချစ်နေတာ

အပြစ်လားကွာ...

အင်း...ဒါတွေတာ အပြစ်ဆိုရင်တော့

ငါဟာ ဒီတစ်သက် အပြစ်လွတ်မယ့်ကောင် မဟုတ်ဘူး...

အေး...အဲဒီတော့

အဲဒီအပြစ်တွေအတွက်

မင်းစိတ်ကြိုက်တာ ဒဏ်ခတ်ပေတော့

ပေးသမျှ အပြစ်ဒဏ်ကို

လည်စင်းခံဖို့ အသင့်ပါပဲ ချစ်သူရေ....

ငါ့ အချစ်တွေက အပြစ်တွေပြည့်နေတာတော့

လုံးဝ မစွန့်လွှတ်နိုင်ပါ ကောင်မလေးရေ.....



ကိုသူ