Wednesday, February 13, 2008

ဖအေတူသား


ဖအေတူသားမင်းဘယ်မှာလည်းအမေမျှော်နေတယ် မြန်မြန်လာလေကွယ်...ရှိနေတဲ့သားတွေစိတ်မချလေနဲ့သူတို့အတွက်သာ ကြည့်ကြတာဟဲ့...အမေဆီမှာ ဘာတွေရှိလည်းအမေဆီက ဘာတွေရမလည်းအမေ့ဆီက ဘာယူရမလည်းရှိသမျှပြောင်လည်း လုပ်ချင်ရာလုပ်ကြမှာကွဲ့....အမေ့အတွက် ဘာလုပ်ပေးရမလည်းအမေကျန်းမာရေး ကောင်းပါရဲ့လားအမေချမ်းသာစွာနေပါသလားသူတို့စိတ်မှာ တစိုးတစိတောင် စိတ်မ၀င်စားပါသတဲ့....ဖအေတူသားမင်းလာပါကွယ်အမေတမ်းတ မှန်းဆနေတယ်...မင်းအဖေလိုဘဲမိသားစုကို စုစည်းပါကွယ်နည်းနာပြောကာ ညွှန်ပြပါဟယ်....မပျင်းမရိကြဖို့မဖျင်းကြပါဖို့အလွယ်မကြိုက် ရေမျောမလိုက်ဖို့တက်လက်ကြွရွ လုံလရှိဖို့နေရာတိုင်းမှာ သိတတ်လာဖို့....အိမ်နီးချင်းမိသားစုတွေကြီးပွားနေပကွဲ့အမေမိသားစုဘဲ စုတ်ပြတ်နေပဟဲ့....အမေရှိသမျှလည်း ကုန်တော့မဟဲ့...ဒီမိသားစု ဒီအရေးတွေဖအေတူသား မင်းလာမှဘဲပြေလည်တိုးပွားစည်ကားစုစည်းသူများနည်းတူ ဆက်လှမ်းနိုင်မယ်အမေမျှော်တယ်အမေချစ်သော ဖအေတူသားလေးမိသားစုအရေး လှည့်ကြည့်ပါသားဆိုးများကို ဆုံးမပါကွယ်အိမ်ထောင်စုကြီး လှပစေအောင်ရှေ့ဆောင်လမ်းပြ တည်ပြစမ်းကွယ်အမေခေါင်းမော့ ရင်ကိုကော့ကာမော်ကြွားချင်ပြီ သည်းနှစ်ရင်းချာဖွားဖအေတူသားရေ.....

Monday, February 11, 2008

ညီလေးရေ...


ညီလေးရေ...
မင်းအသည်းကွဲနေတယ်ဆိုတာ
ငါသိပါတယ်ကွာ
အေး...ဒါပေမယ့်
ဘ၀ရဲ့ အဓိပ္ပာယ်ဟာ အချစ်မဟုတ်ဘူးကွာ
မေတ္တာတရားသာ အငြိမ်းချမ်းဆုံးပါ
အသည်းကွဲပြီး အရက်သောက်
ဘ၀ပျက် နစ်မွန်းတာများ
လုံးဝအားမပေးဘူးကွာ....
ခံစားရတာ ခဏမေ့ပျောက်
နောက်တော့ ပြန်ပေါ် ထပ်မော့
လည်ပြီပေါ့ အရက်သံသရာထဲ....
ဒီတော့...
မင်းခံစားရတာ ပေါက်ကွဲလိုက်
ပြီးတော့ မေ့ပစ်လိုက်ပါ ဒီအသည်း
ခဏပဲ ဖြစ်ဖြစ် အေးချမ်းမှုယူကြည့်
အပူမီးတွေကို တဖြေးဖြေးလျှော့
နည်းနည်းချင်းဖော့ လိုက် ဝေဒနာကို
နေသာသလိုနေပြီး ပြန်ထ
ကိုယ့်ဘ၀အတွက် ပြန်စပါ...
ကိုယ်ချင်းမစာလို့ မဟုတ်
ကြုံလာတဲ့ ဒီဒဏ်ရာများ
နှလုံးသားရှိနေသမျှ ခံရမှာပါပဲ
အဲဒီတော့ ရှိသေးတယ် ဦးနှောက်
ခေါက်သိမ်းထားစရာမဟုတ်
ထုတ်သုံးလိုက်စမ်းပါ လောကအတွက်
အနာကျက်တော့ ဒီအသည်းကို
ပြန်သုံးလိုရင်လည်း သုံးပေါ့.....
အချစ်ရှိရင် အမုန်းရှိတာ
ဆန်းတာမှ မဟုတ်တာပဲ
အဲဒီတော့ ညီလေးရေ
အစ်ကိုပေးတဲ့ အကြံဥာဏ်
လက်ခံသင့် မခံသင့်
ရင်ဘတ်နှင့် နားလည်ပါစေ
ငါ့ညီတစ်ယောက်
ဘ၀လမ်းမပျောက်စေချင်တာ
အစ်ကိုရဲ့ စေတနာတွေပါညီလေးရေ...


ကိုသူ

အစ်ကို

အစ်ကို

ညီငယ် ညီမငယ်တွေ

စိတ်အားမငယ် ပညာရှာနိုင်ဖို့

ကျောင်းထွက်ပြီး အလုပ်လုပ်

မဆုတ်မတွံ့ အနစ်နာခံ

ကြံ့ကြံ့ခံ လောကဓံတရားကို

ဘာဆိုလာမှမကြောက်

ရသလောက် ပိုက်ဆံရှာ

အစ်ကိုကြီးတော့ အဖရာ ယူလေပြီ.....

အခုတော့ တစ်ယောက်ပြီး တစ်ယောက်

လူလားမြောက် ဘွဲ့တွေကိုယ်စီရခဲ့ပြီပေါ့

ပီတိတွေ တဝေေ၀နဲ့ ကြည်နူးဝမ်းသာ

မေတ္တာပွား အပြုံးတွေဆင်

ကြိုးစားကာ ပခုံးထမ်းခဲ့သမျှ

အရာထင်လာရပြိပေါ့.....

ပျော်မြူးကာ စိတ်ချပေတော့

ပြန်ပြီးတော့ ကျေးဇူးဆပ်လို့

ခွင့်ပြုဖို့ တောင်းဆိုပါရစေ

ညီညီမတွေ ချစ်ခြင်းများစွာနှင့်

ရှေ့ဆောင်က ရွက်လွှင့်ခဲ့တဲ့

မေတ္တာဘွဲ့ရ ပါရဂူရှင်

ချစ်ခင်ရပါသော ညီတို့အစ်ကို...



ကိုသူ