မေ့ထားပါတယ်ဆို
ပေါ်လာတဲ့ ပုံရိပ်
တထိတ်ထိတ်ရင်ခုန်အောင်
မစွဲဆောင်ပါနဲ့လားကွယ်...
သတိမရချင်တော့ပါဘူးဆို
ချစ်တတ်တဲ့ ဒီနှလုံးသား
မခံစားတတ်တော့အောင်
မစွမ်းဆောင်နိုင်တော့ဘူးလားကွယ်...
မလာတော့ပါဘူးဆို
သွားချင်နေတဲ့ ဒီအချစ်စိတ်
တိတ်တိတ်လေးကြေကွဲ
အသည်းမရှိချင်တော့ပါဘူး တကယ်....
ကိုသူ(၂၀.၁၁.၀၈)
Tuesday, November 25, 2008
နှလုံးသားနဲ့ရန်ဖြစ်ခြင်း
Posted by
wkthu
at
11:24 AM
0
comments
မနာခံတတ်သောနှလုံးသား
မင်းကို ချစ်ပါတယ်
ဒါပေမယ့်လည်းကွယ်
ထိရှလွယ်တဲ့နှလုံးသားကို ဒဏ်ရာထင်မှာစိုးတယ်...
မင်းကို လွမ်းချင်တယ်
ဒါပေမယ့်လည်းကွယ်
တမ်းတတတ်တဲ့နှလုံးသားကို မညှင်းဆဲချင်တော့ဘူး....
မင်းကို မေ့ချင်တယ်
ဒါပေမယ့်လည်းကွယ်
စွဲငြိတတ်တဲ့နှလုံးသားကို မလွန်ဆန်နိုင်ဘူး....
မင်းကို မုန်းချင်တယ်
ဒါပေမယ့်လည်းကွယ်
ချစ်တတ်လွန်းတဲ့ နှလုံးသားက ခွင့်မပြုပါဘူးတဲ့....
သြော်...နှလုံးသားရယ်
နုနယ်ရက်နဲ့ ဘာကြောင့်ခေါင်းမာရပါသလည်းကွယ်.....
ကိုသူ(၂၀.၁၁.၀၈)
Posted by
wkthu
at
11:22 AM
0
comments
Wednesday, October 29, 2008
ပန်းချယ်ရီလို ချစ်သူ
ရှမ်းရိုးမတောင်တန်းတစ်နေရာက
နုပျိုအလှ ချယ်ရီမေ
ဝေဒနာတွေ ရင်မှာတိုး
အချစ်မိုးတွေ စွေမိ
သိတဲ့အချိန်က နောက်ကျ
ပြင်မရပြီ ဒီသံယောဇဉ်ကြိုး
စိုးမိုးပြီ အသည်းနစ်ထိ
စွဲငြိနေ နှလုံးသားအိမ်
အကြိမ်ကြိမ် ဒီရေအလွမ်းကဆိုး
ကျိုးပေါက်ပြီ နှလုံးသားသော့တံခါး
ခြားနားနေ ကမ္ဘာတစ်ခုစာ
လာချင်ရက်နဲ့ မလာဝံ့သူ
ခေါ်ချင်ရက်နဲ့ မခေါ်ခဲ့သူ
တွေ့ချင်ရက်နဲ့ မတွေ့ခဲ့သူ
မြင်ချင်ရက်နဲ့ မမြင်တတ်သူ
ကြားချင်ရက်နဲ့ မကြားတော့သူ
ဆုံချင်ရက်နဲ့ မဆုံရသူ
တောင်ပေါ်သူ ကိုယ့်အချစ်ပွင့်လန်း
ချယ်ရီပန်းလို မောင့်ချစ်သူ
ကိုသူ(၂၇.၁၀.၀၈)
Posted by
wkthu
at
2:00 PM
0
comments