Wednesday, February 18, 2009

ကျွန်တော်နဲ့အပိုင်းအစများ


ဆရာတာရာမင်းဝေ
ကမ္ဘာနှစ်ထပ် ၀တ္တု
စောင်းကြိုးတန်းလန်းနဲ့လခြမ်း
စာအုပ်ကို ဖတ်မိပြီးရေးဖြစ်တဲ့ စာကြောင်းလေးတွေပါ

၁။အမုန်းက 'တကယ်တော့ အချစ်ဆိုတာ အလကားကောင်'တဲ့
အချစ်က 'တကယ်တော့ အမုန်းဆိုတာ ငါနဲ့ကျောချင်းကပ် သူငယ်ချင်းပါဟာ"တဲ့
အလွမ်းက "အချစ်နဲ့အမုန်းမရှိရင် ငါလည်းရှိမှာ မဟုတ်ပါဘူးကွာ"တဲ့
အနမ်းက "အချစ်ရှိရှိမရှိရှိ ငါကို တစ်ခါတစ်လေ သုံးကြတာဆိုးတယ်ကွာ"တဲ့

၂။အတိတ်က'ငါ့ကိုပြန်လှည့်ကြည့်မနေနဲ့ ဘယ်တော့မှ ပြန်မလာဘူး'တဲ့
ပစ္စပ္ပုန်က "ငါကလွဲပြီး ဘယ်သူမှမကြည့်နဲ့ ကြားလား"တဲ့
အနာဂတ်က "ငါဘယ်လိုဖြစ်မယ်ဆိုတာ မသိဘူးမို့လား"တဲ့

၃။အချိန်က" မင်းရပ်ချင်ရပ်နေ ငါမရပ်ဘူး"တဲ့
အသက်က " ငါလည်းကြီးပဲကြီးတတ်တာ ပြန်မငယ်တတ်တဲ့ကောင်"တဲ့

၎။စိတ်က "ငါု့ကို ဘယ်သူမှ မထိန်းချုပ်နိုင်ဘူး ငါ့ကိုငါပဲ ထိန်းချုပ်နိုင်တာပါ"တဲ့
ကိုယ်က "ငါ့ကို တွယ်တာမနေနဲ့ တနေ့နေ့စွန့်ခွာသွားမှာပါ 'တဲ့

၅။အလှက"ရုပ်ဆိုးတယ် အကျဉ်းတန်တယ်ဆိုတာလည်း ငါရဲ့ဘော်ဒါတွေပါ"တဲ့

၆။အမဲ့က "ငါလည်းဒီလိုနေချင်လို့ နေတာမဟုတ်ဘူး''တဲ့
အပြုံးက "ငါလည်းစိတ်မပါပဲ အကြာကြီးနေရင် ညောင်းတာပေါ့ကွာ" တဲ့
ခပ်တည်တည်က" ဒီလိုနေရတာကြာတော့လည်း ခံစားမှုမဲ့တယ် အထင်ခံမှာပေါ့"တဲ့

Tuesday, February 17, 2009

အတောင်ပံမဲ့ ပျံသန်းခြင်း


ပျံသန်းနေတယ် လေထုထဲမှာ
လွတ်လပ်စွာဝဲ အတောင်ပံမပါ
ဟင်းလင်းပြင်ဗလာတစ်ခုတွေ့ရ
အဆုံးနဲ့အစမရှိ နတ္ထိအခန်း
လန်းဆန်း၍ပေါ့ပါး ဆော့ကစား
မောင်းနှင်မှုအင်အားတွေ အပြည့်လွှတ်
မွတ်သိပ်မှု မရှိ အာဟာရအာဟာရအတိ
ပကတိ သာဟာလှပအေးချမ်း
စမ်းရေပမာ တသွင်သွင်စီးနေ
လေပြည်လို သာယာစွာတိုက်ခတ်ပစ်
အိုအေစစ်လို တည်တည်ငြိမ်ငြိမ်
တိမ်တွေကြားမှာ ဖောက်ထွက်
မြင့်တက်လိုက်စမ်းပါ အာကာသထဲ
သဲသဲမဲမဲသာလေ
ရဲရင့်စွာ ကောင်းကင်ခြေလှမ်းကိုစ......

ကိုသူ(ကဗျာချစ်သူ)

Monday, February 16, 2009

ကောင်မလေး(၅)၏ နောက်ဆက်တွဲ


ကောင်မလေး(၅)လည်းအိမ်ထောင်ကျပြီးပြီဗျ
အိမ်ကသဘောတူတဲ့သူနဲ့ယူသွားတာ
ကျော်ကျော်ချစ်မှန်း ကောင်မလေးသိတယ်
အစ်မကို အမြဲတမ်းပြန်ပြောတာကိုး
သူဘ၀လေးအေးချမ်းနေပါစေဗျာ
ကျွန်တော်ဆင်းရဲတဲ့ဘ၀ကို မခေါ်ရက်ပါဘူး
ကျွန်တော်မိသားစုကိုလည်း ပစ်မထားရက်ဘူးလို့ ပြောပြတာကိုး
ကောင်မလေး(၅)မှာ ရတဲ့သင်ခန်းစာက ဖွင့်မပြောလည်းချစ်နေလို့ရတယ်ဆိုတာပဲ
မိတ်ဆွေတို့ရော အဲ့လိုချစ်ဖူးလားဗျ...
ပြောပြရင်တော့ အရမ်းသိချင်ပါတယ်...
ကျော်ကျော်ရဲ့အချစ်မှတ်ကျောက်တစ်ခုပေါ့ဗျာ....ကောင်မလေး(၅)ကိုချစ်တဲ့အချစ်က....