ညကလေး
လှပမှု မွမ်းထုံ
ကြုံခဲ့တယ် အမှတ်တမဲ့သာ
နူးညံ့စွာ အနိုင်ယူ
ဖေးကူပါ အားဆေးကြွေး
မဆွေးပါရစေနဲ့
ကြင်လှဲ့ပါကွဲ့
ညခင်းငယ်ရဲ့.....
လကလေး
အေးမြှုလွှမ်းခြုံ
ဆုံခဲ့တယ် မထင်မှတ်စွာ
တစ်ဘ၀စာ အပိုင်ယူ
မငြူစူပါ အားလုံးပေး
မဝေးပါရစေနဲ့
နီးပါရစေကွဲ့
လမင်းငယ်ရဲ့......
ပန်းကလေး
မွှေးမြမှု ရနံ့စုံ
ပုံခဲ့တယ် ယုံမှားကင်းကာ
သိမ့်မွေ့စွာ အလံထူ
သရဖူသခင်ပါ အားများမွေး
ပေးအပ်ပါရစေကွဲ့
မြတ်နိုးစွာနဲ့
ပန်းဆင်းငယ်ရဲ့.....
အိပ်မက်လေး
ကြည်နူးမှု အပြည့်စုံ
ယုံခဲ့တယ် သံသယမရှိပါ
သိပ်းပိုက်ကာ အကြင်နာယူ
မပူပင်ပါ လွမ်းခြင်းဝေး
ထွေးပွေ့ပါလှဲ့
ငဲ့ကြည့်ပါကွဲ့
အိပ်မက်ငယ်ရဲ့.......
ကိုသူ(ကဗျာချစ်သူ)
29.1.09
Monday, February 2, 2009
ည၊လမင်းနဲ့ပန်း အိပ်မက်
Posted by
wkthu
at
7:29 PM
Subscribe to:
Post Comments (Atom)
No comments:
Post a Comment